Sunday, September 1, 2013

*မင်းတစ်ယောက်တည်း*

*မင်းတစ်ယောက်တည်း*

အချစ်တစ်ခု ရှင်သန်ခွင့်မရ
ရက်ရက်စက်စက် သူမုန်းလိုက်ကတည်းက
ငါ့အသည်းကွဲ ဒဏ္ဍရီဟာ
အိပ်ယာဝင်ပုံပြင်တစ်ခုလို့
ဒီနှလုံးသာကို ချော့သိပ်နေရတုန်းဘဲ…။  ။
အလွမ်းဥတုကို ဖြတ်သန်းရင်း
မျက်ရည်စက်လက်နဲ့ ရှိုက်သံတွေ
မင်းမရှိတဲ့ အချိန်အခါများမှာ
တိတ်တိတ်လေးပဲ ငိုကြွေးနေဆဲပေါ့…။  ။
မွန်ကျပ်စိတ်နဲ့ ရင့်ကျက်လာတဲ့
ငါ့ခံစားချက်များ ဆိုင်သူမသိ
မင်းကိုချစ်တဲ့ ...
ငါ့အချစ်တွေ နွမ်းလျသွားလည်း
မင်းတစ်ယောက်တည်းကိုပေါ့……။   ။
မင်းထွက်ခွာ ပြန်မလာတော့လည်း
ဒီမှာတစ်သက်တာ မြတ်နိုးမိလို့
အချစ်ကဗျာတွေ ရေးရွတ်နေဆဲ
ပိုင်သူမရှိ တမ်းတနေမယ့်...
မင်းတစ်ယောက်တည်းကိုပေါ့……။  ။
မင်း အမုန်းစကားများ
ငါ့ရင်ခုန်သံတွေကို ဖျက်စီးသွားသလို့
ငါ့ဘဝများ အရိုင်းဆန်းခဲ့တာ
သောကဒဏ်ရာတွေ ရှိပါစေ
ဒီနှလုံးသားမှာ…… မင်းတစ်ယောက်တည်းပါ…။  ။
အမှတ်တမဲ့ဆိုတာလည်း
ဒီရင်ထဲမှာတော့ အမှတ်တရရှိပါတယ်…
သံယောဇဉ်တွေက.....
အမြစ်တွယ်ခဲ့ရတဲ့ သစ်ပင်လို့
မင်းတစ်ယောက်တည်းကိုဘဲ
တွယ်တာရတော့မယ်……။   ။
ဒါ့…ငါ့အချစ်
တစ်ယောက်သော သူအတွက်
သိမ်းဆည်းကာ ထားသား
မင်း တစ်ယောက်တည်းပေါ့ကွယ်…။  ။

*ခွင်လွှတ်ခြင်း*

*ခွင်လွှတ်ခြင်း*

ဟိုး...တစ်နေရာဆီမှာ
ငါ့....မရှိသောအခါ
တခြားရင်ခွင်မှာ မင်းပျော်နိုင်သလား
အလွမ်းများပို ရူးမိုက်ရသည်
အထီးကျန်စိတ်နဲ့ မျှော်လင့်ရတာ
မင်းမရှိတဲ့ ငါ့ဘဝ
မနက်ဖြန်ဆိုတာ လွှဲမှားနေခဲ့တယ်.....။  ။
မင်း...မုန်းလိုက်သောအခါ
ငါ့အသည်းများ ကွဲ
တမ်းတစိတ်နဲ့ ဆုတောင်းရတာ
မင်း ကျော့ခိုင်းသွားတဲ့ လမ်း
နာကျင်ခြေလှမ်းများစွာ လှမ်း
အနာဂတ်ဆိုတာ ဝေဝါးနေတယ်.....။   ။
ငါ့ဝေဒနာများ မင်းမသိ
ဒီလမ်းပေါ်က ခြေရာတွေ
ပျောက်ဆုံးသွားလည်း ရှာဖွေမိ
မင်းခြေလှမ်းတွေ ဟောင်မသွားပေ့မယ့်
ငါ့ရဲ့မျှော်လင့်ချက်ဆိုတာ နှောင်းခဲ့ရတယ် ။
ပိုင်ဆိုင်ခွင့်တွေနဲ့ စိတ်ကူးထားတဲ့
နှလုံးသားဒြပ်ဝတ္တုရဲ့ ချစ်ခြင်းများကို
ကန့်သတ်လိုက်သော ချစ်သူရင်ခွင်ဟာ
ငါ့မြတ်နိုးမှုနဲ့သာ တန်းဖိုးထားလိုက်ပါရစေ
ငါ့သိပ်ချစ်သူရေ......
နာလည်မှုဆိုတာ ခွင်လွှတ်ခြင်းပါပဲ…။  

ဝေဒနာ ည

ဝေဒနာ ည

အချစ်ရောဂါ.....
အထပ်ထပ်နှင့်
ဝေဒနာ ညနေခင်း
လှပသော ဆည်းဆာမှာ
ချစ်သူခြေရာ ပျောက်ရှသွား
အနေဝေးခဲ့လည်း
သွေးမအေးပါ.....မေ ။    ။
လွမ်းမိလို့ အရူးဖြစ်ဖြစ်
သန်ခေါင်ယံ ည
ကြယ်စင်များ လွှမ်း
လမင်း စန္ဒာ......
အို အလင်းရောင်
လောကတစ်ခွင့် သွန်းဖြိုပါစေ
ဝေဒနာ ညလယ်ဟာ
မျက်ရည်များနဲ့ အာရုဏ်ဦးပြီး...မေ ။  ။
အို.....အချစ်
ဒ့ါ........အိပ်မက်များလား
ဒွိဟနဲ့ ငါ့သောကတွေ
ပူဆွေး ဒုက္ခပင်လယ်ထဲ
ရောင်ပြန်ဟပ် အလင်းရောင်များ
နာရီ စက္ကန့် တရွေ့ရွေ့နှင့်
စည်းတစ်ဖက်ခြားနားသွားတဲ့
တို့နှစ်ယောက်ရဲ့.............
ဝမ်းနည်းစရာ အဖြစ်အပျက်များကို
ဝေဒနာ ညလယ်မှာ...
အလွမ်းသင့် ကဗျာတွေနှင့်
ဟစ်ကြွေးလိုက်တော့မယ်.....မေ ။   ။

♥ကဗျာဆရာ၏ နှလုံးသား♥

♥ကဗျာဆရာ၏ နှလုံးသား♥

ကဗျာဆရာ၏......
နှလုံးသားတစ်စုံသည်
ခံစားချက်များပြည့်နှက်နေသော ဝေါဟာရတစ်ချို့
ဝါသနာရဲ့ အနုပညာ
အနစ်နာ၌ ဝိသေသနမ်
စေတနာ စကားလုံးများ
ဝေဒနာ သဒ္ဒါဝါကျတိုစုဖွဲ့ထား
အနက်ရှိုင်းဆုံး မာန်မာနကင်းမဲ့သော
ရိုးသားမှု အနုပညာကို
ပိုင်ဆိုင်ထားခဲ့သည်…။   ။

လမ်းခွဲ

လမ်းခွဲ

ငါ့တို့ နှုတ်ဆက်ခဲ့ပြီးနောက်...
မင်း...ဘယ်လို့ရင်ခွင်တစ်ခုမှာ
ခိုးနာနေမယ်ဆိုတာ...ငါ့မသိ
မင်း အဆင်ပြေမလားလို့
စိုးရိမ်ပူပန်တဲ့ ငါ့အာရုံတွေ
အခန်းပျက်စေခဲ့ပေါ့.....။  ။
မင်း...မုန်းလို့ ဝသွားပြီးလား...
င့ါနဲ့အဝေးဆုံးကို ထွက်သွားလိုက်ပါ...
အထီးကျန်ဆန်လွန်းတဲ့ လောကကြီးဟာ
င့ါအတွက် တရားပါတယ်...
နာကျင်ခြင်းတွေ မျှတပါတယ်.....
ရင်ခုန်သံများ တမ်းတမနေနဲ့တော့ (တိမ်တိုက်)
မင်းချစ်သူ...မင်းကိုမုန်းလိုက်ကတည်းက
မင်းအချစ်တွေ သေဆုံးသွားပြီး.....။  ။
မင်းပြောဖူးတဲ့ အချစ်စစ်တွေ
တကယ်တမ်းတော့....
ဒိုင်ယာလော့ထဲက
စကားလုံးအဖြစ်သာ လှပခဲ့တာပါ...
စတေးပစ်လိုက်ရတဲ့...
ငါ့ နှလုံးသားက အချစ်တွေ
မင်းတစ်ယောက်အတွက်ပါ.....။   ။
အသိုင်းအဝိုင်းရဲ့ စွဲဖက်ခြင်းတွေနဲ့
အလွဲအမှား ခံယူချက်များဟာ
ကွဲပြားခြားနားတဲ့ နာလည်မှုတွေ
ပြဌာန်းချက်မရှိဘဲ လမ်းခွဲသွားပေါ့...။   ။

♥ကျေနပ်စွာ အချစ်♥

♥ကျေနပ်စွာ အချစ်♥

အကြောင်းပြချက် မရှိဘဲနဲ့
မေ့ပစ်လိုက်ပါလို့ ပြောခဲ့တဲ့
ချစ်သူရဲ့ စကားတစ်ခွန်း.....♥♥
ဘယ်လို့အခြေအနေပဲ ဖြစ်ဖြစ်
တို့တစ်တွေ့ လမ်းမခွဲဘူးလို့
ကတိတည်ခဲ့တဲ့....
ချစ်ရသူရဲ့ ကတိပေါင်းများစွာ....
အခုတော့လည်းလေ...
သူဟာ စတင်ကျော့ခိုင်းခဲ့ပြီးပေါ့. . . . .။  ။
ကောင်မလေးရေ...
မင်းကိုငါ့ ရင်နှင့်အောင် ချစ်ခဲ့ပြီးမှာ
(လွယ်လွယ်နဲ့ မေ့ပစ်လိုက်ရမှာလား)
[ဂုဏ်ပကာသနအတွက် မုန်းခိုင်းစေတာလား]
{ရင်ခုန်သံ အသစ်တွေလို့ ကျော့ခိုင်းသွားတာလား}.....♥♥
ငါ့တွေးမရတဲ့ အတွေးများနဲ့ဘဲ
ငါ့ဘဝအားလုံး ပျက်စီးသွားပြီး...
မိန်းကလေးတစ်ယောက်အတွက်နဲ့
ငါ့...မျက်ရည်ကျခဲ့ပေါ့...
ဒါ့ကို မင်းမသိပါဘူးလေ....။   ။
ငါ့ရင်ထဲမှာ....
မင်းကို ချစ်သမျှ အရာရာ
ယူသွားပါတော့...♥♥
ငါ့ ဂရုစိုက်သမျှကို
လျစ်လျူရှူထားတဲ့ မင်း
တစ်နေနေ့ သိလာတဲ့အချိန်မှာ
မင်းနဲ့အဝေးဆုံး တစ်နေရာကို
င့ါ ထွက်ပြေးသွားပြီးလေ. . .။
ဒီဘဝမှာ....
ပိုင်ဆိုင်ခွင့်မရတဲ့ ချစ်ခြင်းတွေ
ငါ့...ဝိညာဉ်ရဲ့ မြတ်နိုးမှုနဲ့သာ
ဖြည့်ဆည်းခွင့်ရတာကို
ငါ့ ကျေနပ်ပါတယ်ကွယ်.....။   ။

ကာရံလွဲသော အချစ်ကဗျာတစ်ပုဒ်

ကာရံလွဲသော အချစ်ကဗျာတစ်ပုဒ်

ငါ့...သိပ်ချစ်ရတဲ့ ကောင်မလေးရေ
သည်ဘဝ၌ ဖူစားမဆုံ
နောက်နောင် သံသရာမှာ
ပိုင်ဆိုင်ခွင့် ကြုံပါရစေသား...
တောင်းဆုသက်သေ ကမ္ဘာမြေ
နက်ရှိုင်းနှလုံးသား ဝေဒနာများ
ဤလောကမှာ ကျေပါစေလား...
လွှင့်ရာဝိညာဉ် စွန်လွှတ်ခြင်း
မျော့ရာအိပ်မက် နိုးတစ်ဝက်
လင်းစဉ်အာရုဏ် နေခြည်ဦး
လွမ်းသံသာချို ကျေးငှက်တို့
ုပြင်းရှဒဏ်ရာ ရှည်လှစွာ
အချစ်ကဗျာ ကာရံလွဲ
အလွမ်းကဗျာ ဖြစ်ပေါ့ကွယ်....။