Sunday, September 1, 2013

*မင်းတစ်ယောက်တည်း*

*မင်းတစ်ယောက်တည်း*

အချစ်တစ်ခု ရှင်သန်ခွင့်မရ
ရက်ရက်စက်စက် သူမုန်းလိုက်ကတည်းက
ငါ့အသည်းကွဲ ဒဏ္ဍရီဟာ
အိပ်ယာဝင်ပုံပြင်တစ်ခုလို့
ဒီနှလုံးသာကို ချော့သိပ်နေရတုန်းဘဲ…။  ။
အလွမ်းဥတုကို ဖြတ်သန်းရင်း
မျက်ရည်စက်လက်နဲ့ ရှိုက်သံတွေ
မင်းမရှိတဲ့ အချိန်အခါများမှာ
တိတ်တိတ်လေးပဲ ငိုကြွေးနေဆဲပေါ့…။  ။
မွန်ကျပ်စိတ်နဲ့ ရင့်ကျက်လာတဲ့
ငါ့ခံစားချက်များ ဆိုင်သူမသိ
မင်းကိုချစ်တဲ့ ...
ငါ့အချစ်တွေ နွမ်းလျသွားလည်း
မင်းတစ်ယောက်တည်းကိုပေါ့……။   ။
မင်းထွက်ခွာ ပြန်မလာတော့လည်း
ဒီမှာတစ်သက်တာ မြတ်နိုးမိလို့
အချစ်ကဗျာတွေ ရေးရွတ်နေဆဲ
ပိုင်သူမရှိ တမ်းတနေမယ့်...
မင်းတစ်ယောက်တည်းကိုပေါ့……။  ။
မင်း အမုန်းစကားများ
ငါ့ရင်ခုန်သံတွေကို ဖျက်စီးသွားသလို့
ငါ့ဘဝများ အရိုင်းဆန်းခဲ့တာ
သောကဒဏ်ရာတွေ ရှိပါစေ
ဒီနှလုံးသားမှာ…… မင်းတစ်ယောက်တည်းပါ…။  ။
အမှတ်တမဲ့ဆိုတာလည်း
ဒီရင်ထဲမှာတော့ အမှတ်တရရှိပါတယ်…
သံယောဇဉ်တွေက.....
အမြစ်တွယ်ခဲ့ရတဲ့ သစ်ပင်လို့
မင်းတစ်ယောက်တည်းကိုဘဲ
တွယ်တာရတော့မယ်……။   ။
ဒါ့…ငါ့အချစ်
တစ်ယောက်သော သူအတွက်
သိမ်းဆည်းကာ ထားသား
မင်း တစ်ယောက်တည်းပေါ့ကွယ်…။  ။

*ခွင်လွှတ်ခြင်း*

*ခွင်လွှတ်ခြင်း*

ဟိုး...တစ်နေရာဆီမှာ
ငါ့....မရှိသောအခါ
တခြားရင်ခွင်မှာ မင်းပျော်နိုင်သလား
အလွမ်းများပို ရူးမိုက်ရသည်
အထီးကျန်စိတ်နဲ့ မျှော်လင့်ရတာ
မင်းမရှိတဲ့ ငါ့ဘဝ
မနက်ဖြန်ဆိုတာ လွှဲမှားနေခဲ့တယ်.....။  ။
မင်း...မုန်းလိုက်သောအခါ
ငါ့အသည်းများ ကွဲ
တမ်းတစိတ်နဲ့ ဆုတောင်းရတာ
မင်း ကျော့ခိုင်းသွားတဲ့ လမ်း
နာကျင်ခြေလှမ်းများစွာ လှမ်း
အနာဂတ်ဆိုတာ ဝေဝါးနေတယ်.....။   ။
ငါ့ဝေဒနာများ မင်းမသိ
ဒီလမ်းပေါ်က ခြေရာတွေ
ပျောက်ဆုံးသွားလည်း ရှာဖွေမိ
မင်းခြေလှမ်းတွေ ဟောင်မသွားပေ့မယ့်
ငါ့ရဲ့မျှော်လင့်ချက်ဆိုတာ နှောင်းခဲ့ရတယ် ။
ပိုင်ဆိုင်ခွင့်တွေနဲ့ စိတ်ကူးထားတဲ့
နှလုံးသားဒြပ်ဝတ္တုရဲ့ ချစ်ခြင်းများကို
ကန့်သတ်လိုက်သော ချစ်သူရင်ခွင်ဟာ
ငါ့မြတ်နိုးမှုနဲ့သာ တန်းဖိုးထားလိုက်ပါရစေ
ငါ့သိပ်ချစ်သူရေ......
နာလည်မှုဆိုတာ ခွင်လွှတ်ခြင်းပါပဲ…။  

ဝေဒနာ ည

ဝေဒနာ ည

အချစ်ရောဂါ.....
အထပ်ထပ်နှင့်
ဝေဒနာ ညနေခင်း
လှပသော ဆည်းဆာမှာ
ချစ်သူခြေရာ ပျောက်ရှသွား
အနေဝေးခဲ့လည်း
သွေးမအေးပါ.....မေ ။    ။
လွမ်းမိလို့ အရူးဖြစ်ဖြစ်
သန်ခေါင်ယံ ည
ကြယ်စင်များ လွှမ်း
လမင်း စန္ဒာ......
အို အလင်းရောင်
လောကတစ်ခွင့် သွန်းဖြိုပါစေ
ဝေဒနာ ညလယ်ဟာ
မျက်ရည်များနဲ့ အာရုဏ်ဦးပြီး...မေ ။  ။
အို.....အချစ်
ဒ့ါ........အိပ်မက်များလား
ဒွိဟနဲ့ ငါ့သောကတွေ
ပူဆွေး ဒုက္ခပင်လယ်ထဲ
ရောင်ပြန်ဟပ် အလင်းရောင်များ
နာရီ စက္ကန့် တရွေ့ရွေ့နှင့်
စည်းတစ်ဖက်ခြားနားသွားတဲ့
တို့နှစ်ယောက်ရဲ့.............
ဝမ်းနည်းစရာ အဖြစ်အပျက်များကို
ဝေဒနာ ညလယ်မှာ...
အလွမ်းသင့် ကဗျာတွေနှင့်
ဟစ်ကြွေးလိုက်တော့မယ်.....မေ ။   ။

♥ကဗျာဆရာ၏ နှလုံးသား♥

♥ကဗျာဆရာ၏ နှလုံးသား♥

ကဗျာဆရာ၏......
နှလုံးသားတစ်စုံသည်
ခံစားချက်များပြည့်နှက်နေသော ဝေါဟာရတစ်ချို့
ဝါသနာရဲ့ အနုပညာ
အနစ်နာ၌ ဝိသေသနမ်
စေတနာ စကားလုံးများ
ဝေဒနာ သဒ္ဒါဝါကျတိုစုဖွဲ့ထား
အနက်ရှိုင်းဆုံး မာန်မာနကင်းမဲ့သော
ရိုးသားမှု အနုပညာကို
ပိုင်ဆိုင်ထားခဲ့သည်…။   ။

လမ်းခွဲ

လမ်းခွဲ

ငါ့တို့ နှုတ်ဆက်ခဲ့ပြီးနောက်...
မင်း...ဘယ်လို့ရင်ခွင်တစ်ခုမှာ
ခိုးနာနေမယ်ဆိုတာ...ငါ့မသိ
မင်း အဆင်ပြေမလားလို့
စိုးရိမ်ပူပန်တဲ့ ငါ့အာရုံတွေ
အခန်းပျက်စေခဲ့ပေါ့.....။  ။
မင်း...မုန်းလို့ ဝသွားပြီးလား...
င့ါနဲ့အဝေးဆုံးကို ထွက်သွားလိုက်ပါ...
အထီးကျန်ဆန်လွန်းတဲ့ လောကကြီးဟာ
င့ါအတွက် တရားပါတယ်...
နာကျင်ခြင်းတွေ မျှတပါတယ်.....
ရင်ခုန်သံများ တမ်းတမနေနဲ့တော့ (တိမ်တိုက်)
မင်းချစ်သူ...မင်းကိုမုန်းလိုက်ကတည်းက
မင်းအချစ်တွေ သေဆုံးသွားပြီး.....။  ။
မင်းပြောဖူးတဲ့ အချစ်စစ်တွေ
တကယ်တမ်းတော့....
ဒိုင်ယာလော့ထဲက
စကားလုံးအဖြစ်သာ လှပခဲ့တာပါ...
စတေးပစ်လိုက်ရတဲ့...
ငါ့ နှလုံးသားက အချစ်တွေ
မင်းတစ်ယောက်အတွက်ပါ.....။   ။
အသိုင်းအဝိုင်းရဲ့ စွဲဖက်ခြင်းတွေနဲ့
အလွဲအမှား ခံယူချက်များဟာ
ကွဲပြားခြားနားတဲ့ နာလည်မှုတွေ
ပြဌာန်းချက်မရှိဘဲ လမ်းခွဲသွားပေါ့...။   ။

♥ကျေနပ်စွာ အချစ်♥

♥ကျေနပ်စွာ အချစ်♥

အကြောင်းပြချက် မရှိဘဲနဲ့
မေ့ပစ်လိုက်ပါလို့ ပြောခဲ့တဲ့
ချစ်သူရဲ့ စကားတစ်ခွန်း.....♥♥
ဘယ်လို့အခြေအနေပဲ ဖြစ်ဖြစ်
တို့တစ်တွေ့ လမ်းမခွဲဘူးလို့
ကတိတည်ခဲ့တဲ့....
ချစ်ရသူရဲ့ ကတိပေါင်းများစွာ....
အခုတော့လည်းလေ...
သူဟာ စတင်ကျော့ခိုင်းခဲ့ပြီးပေါ့. . . . .။  ။
ကောင်မလေးရေ...
မင်းကိုငါ့ ရင်နှင့်အောင် ချစ်ခဲ့ပြီးမှာ
(လွယ်လွယ်နဲ့ မေ့ပစ်လိုက်ရမှာလား)
[ဂုဏ်ပကာသနအတွက် မုန်းခိုင်းစေတာလား]
{ရင်ခုန်သံ အသစ်တွေလို့ ကျော့ခိုင်းသွားတာလား}.....♥♥
ငါ့တွေးမရတဲ့ အတွေးများနဲ့ဘဲ
ငါ့ဘဝအားလုံး ပျက်စီးသွားပြီး...
မိန်းကလေးတစ်ယောက်အတွက်နဲ့
ငါ့...မျက်ရည်ကျခဲ့ပေါ့...
ဒါ့ကို မင်းမသိပါဘူးလေ....။   ။
ငါ့ရင်ထဲမှာ....
မင်းကို ချစ်သမျှ အရာရာ
ယူသွားပါတော့...♥♥
ငါ့ ဂရုစိုက်သမျှကို
လျစ်လျူရှူထားတဲ့ မင်း
တစ်နေနေ့ သိလာတဲ့အချိန်မှာ
မင်းနဲ့အဝေးဆုံး တစ်နေရာကို
င့ါ ထွက်ပြေးသွားပြီးလေ. . .။
ဒီဘဝမှာ....
ပိုင်ဆိုင်ခွင့်မရတဲ့ ချစ်ခြင်းတွေ
ငါ့...ဝိညာဉ်ရဲ့ မြတ်နိုးမှုနဲ့သာ
ဖြည့်ဆည်းခွင့်ရတာကို
ငါ့ ကျေနပ်ပါတယ်ကွယ်.....။   ။

ကာရံလွဲသော အချစ်ကဗျာတစ်ပုဒ်

ကာရံလွဲသော အချစ်ကဗျာတစ်ပုဒ်

ငါ့...သိပ်ချစ်ရတဲ့ ကောင်မလေးရေ
သည်ဘဝ၌ ဖူစားမဆုံ
နောက်နောင် သံသရာမှာ
ပိုင်ဆိုင်ခွင့် ကြုံပါရစေသား...
တောင်းဆုသက်သေ ကမ္ဘာမြေ
နက်ရှိုင်းနှလုံးသား ဝေဒနာများ
ဤလောကမှာ ကျေပါစေလား...
လွှင့်ရာဝိညာဉ် စွန်လွှတ်ခြင်း
မျော့ရာအိပ်မက် နိုးတစ်ဝက်
လင်းစဉ်အာရုဏ် နေခြည်ဦး
လွမ်းသံသာချို ကျေးငှက်တို့
ုပြင်းရှဒဏ်ရာ ရှည်လှစွာ
အချစ်ကဗျာ ကာရံလွဲ
အလွမ်းကဗျာ ဖြစ်ပေါ့ကွယ်....။  

အိပ်မက်မှာ နှင်းဆီ

အိပ်မက်မှာ နှင်းဆီ

နံနက်ခင်းရဲ့……
အချစ်သီချင်းတစ်ပုဒ်ကို သီကျူးလို့
သူရူးတစ်ယောက်လို့ပဲ
မင့်ထံပါး ငါ့ရောက်ခဲ့တယ်……။
မီးခိုးနု အိပ်မက်ရှည်
ဆောင်းရာသီ ညများမှာ
တိမ်စိုင်တွေ ရွေ့လျား
အချစ် ပျောက်ရှတဲ့
ထေလေငှက် တစ်ကောင်
မောပန်းနွမ်းနယ်လှပေါ့ကွယ်…။
မျက်ရည်မဲ့ မင်း
ချစ်ခြင်းကို ကျော့ခိုင်းလို့
အမုန်းစကား မင်းပဲဆို
ဒီရင်မှာ အနာတရနဲ့
ငါ့ဟာ မိုက်မဲသူတစ်ယောက်ပေါ့
တရားခံ ရှာစရာမလိုပါဘူးလေ…။
မိန်းကလေး ငဲ့
တပ်မက်ခြင်းကြီးစွာ
အချစ်နဲ့ လွမ်းဆွေသူတစ်ဦး
နင့်အပေါ် ရူးမူးခြင်းဟာ
စွဲလမ်းခြင်းကြီးလို့ပါကွယ်…။
အို……နှင်းဆီ
သူမကို ပြောပြပေးပါ
ဖြူလွလွ ပွင့်ချပ်လေးပေါ်
ဆူးထိသွေးစတွေ သုတ်လိမ်းလို့
မမေ့သေးကြောင်း သိစေဖို့ရယ်ပါ……။  ။

လွမ်း စိတ်

လွမ်း စိတ်

ကြိုပြီးတော့ လွမ်းရတာနဲ့တောင်
ကိုယ့်နှလုင်္းသားတစ်စုံ နွမ်းလျနေလိုက်တာ
တကယ်သာဆိုရင် ဝေဒနာ…။ ။
ကိုယ့်အဖြစ်က……
မျက်ရည်နဲ့ ဖွဖွလေး ကိုင်ထားရတဲ့စိတ် တစ်မိုးသားလုံးအုံ့ဆိုင်းပြီး
ကိုယ့်မင်းကို လွမ်းနေခဲ့တယ် ။ ။

တိတ်ဆိတ်တဲ့ စကား


တိတ်ဆိတ်တဲ့ စကား

ကန့်သတ်ထားတဲ့ ကောင်းကင်ထက်
ပြစ်ဒဏ်သင့် လိပ်ပြာပမာ
စကားလုံးတွေ ယောက်ယက်ခတ်
တေးမသိနိုင်တဲ့ နေ့ရက်တွေ…။
မင်းမျက်ဝန်းမှာ တစ်ဆင့်
ပန်းတစ်ပွင့် မြင်ရတဲ့အကြောင်း
ငါ့ဘယ်လို့ အချက်ပြရမလဲ……။
ဆွံအတဲ့ လမ်းမတစ်လျှောက်
ငါ့တို့ရဲ့ နှင်းဆီရိုင်းတွေသာ
ပဲ့တင်ခတ် တုန်ခါနေကြတယ်……။
ငါ့ရင်ထဲက စကားတွေ
မုန်းတိုင်းလို့ ဖောက်ခွဲပစ်လိုက်ချင်ပေမယ့်
အသိခက်တဲ့ အကြည့်တွေနဲ့ပဲ
နှစ်ကိုယ်ကြား ပြောပြနေရတယ်.....။

နေရာဟောင်းက လွမ်း

နေရာဟောင်းက လွမ်း

ဂုဏ်ပကာသနာ…
အဆင့်အတန်း ခွဲခြားထားတာမို့
ကွယ်ရာမှာဘဲ တမ်းတလျက်
အချစ်များ ဆန်းကြယ်ခဲ့ပြီး……။
ငါ့ လိုရာအိပ်မက် မင်းဖျက်စီးပစ်
မင်း ရက်စက်လည်း
အမုန်းလို့တော့ မဆိုချင်
ကိုယ့်တစ်ယောက်တည်း ခံစားပါမယ်…။
မင်း ဆိုရာပြောလိုက်……
မုန်းမယ့် မေ့မယ့်ဆိုလည်း
ဒီမှာ ဝေဒနာဖြစ်ရုံသာ
ကိုယ့် ဝမ်းမနည်း
အချစ်ဆုံးမို့ အရူးဖြစ်ခဲ့ပေါ့……။
မျှော်ရာ လမ်းကလေးမှာ
ြုကင်နာသူဟာ ပြန်မလာတော့
ဆွေးလျက်သာ မျက်ရည်များနဲ့
နေရာဟောင်းက လွမ်း………။   ။

ချစ်ခြင်း၏ သန်ခေါင်ယံ

ချစ်ခြင်း၏ သန်ခေါင်ယံ

ညဥ့်ဦး ကြယ်ကလေးတွေဟာ
အမြင့်ကြီးမှာ မှုန်လို့ မွှားလို့………
ညဥ့်နက်တော့ ကြယ်ကလေးတွေ
နိမ့်ဆင်းလာကြ လင်းလို့ လက်လို့……
''အမှောင်ထဲမှာပဲ
     အလင်းက ရင့်ကျက်ရတယ် ''
ချစ်ခြင်းရေ…………
   ငါ့ကိုလည်း……………
     သန်ခေါင်ယံထဲမှာ မြုပ်နှံခဲ့ပါကွယ်…။ ။

အလွမ်းရဲ့ ည

အလွမ်းရဲ့ ည

တစ်ညလုံး…………
သောကမျက်ရည်တွေပဲ စိုရွှဲနေရ
သိမ်းဆည်းပြီးသား အလွမ်းများရယ်...
ဒီမှာ ကောင်မလေး.....
ခရီးဆောင်အိတ် အပြည့်
ငွေ့ရည်ဖွဲ့လာတဲ့ ပင်လယ်
ငါ့ မျက်ဝန်းပေါ် လာနား
ငါ့ သွားပါရစေ....
အလွမ်းနဲ့ပဲ င့ါထွက်သွားပါရစေ...။
ဒီမှာကွဲ့……………
မနက်ဖြန်ကို မျှော်ကိုးတာ
င့ါတစ်ယောက်တည်း မဟုတ်ပေ့မယ့်
အရာရာ ပေးဆပ်ခဲ့တာ
မင်းတစ်ယောက်တည်း အတွက်ပါ.....။
အလွမ်းညရဲ့ နိဂုံးမှာ...
ငါ့မျက်ရည်များနဲ့ပဲ
ရုန်းကန်းဝုက်တတ်ပေါ့.....။
ငါ့ရဲ့ အချစ်တွေကတော့………
ထာဝရ ကြယ်စင်အဖြစ်
အမြဲတမ်း တောက်ပနေဆဲပါ...…
ကောင်မလေးရယ်………။           ။

သည်ရင်ထဲက မြတ်နိုးခွင့်

သည်ရင်ထဲက မြတ်နိုးခွင့်

ဟေမာန်မြေလမ်း၌
မျှော်လင့်ခဲ့သမျှ တသသ
သည်ရင်ထဲမှာနွေ ရှည်လျားပြီး……။
ပန်းများဝေဆာ
ခူးဆွတ်ခဲ့သမျှ နမ်းရှိုက်
သည်ဘဝမှာ အမှတ်တမဲ့
နွမ်းလျလည်း စွန်ပစ်လိုက်ပါလေ……။
အိပ်မက်ပမာ...
စွဲလမ်းခဲ့သမျှ တောင်းတ
သည်လမိုက်ညမှာ ပျက်စီးသွားပြီး……။
ရင်ခုန်သံ တစ်ချို့ .....
ချစ်ခဲ့သမျှ အပြစ်မဖွဲ့
သည်တစ်သက်လုံး ရိုးမြေကျကျ
ချစ်နေပါဦးမည်……………။
ဘယ်လိုပင် ဖြစ်ဖြစ်...
ဘယ်အကြောင်းပဲ ရှိရှိ...
သည်သံသရာ တစ်လျှောက်လုံး
သူလေးကို မြတ်နိုးခွင့်ရချင်တယ်....။

♥ နွမ်းလျ အသည်း ♥

♥ နွမ်းလျ အသည်း ♥

             နေ  နဲ့  ည  ပြောင်း……
              ရာသီအိုဟောင်းထဲ
            အလွမ်းတွေ ဆွေးလျက်
               နွမ်းလျတဲ့ အသည်း
      
          ချစ်ရသောသူနဲ့ အလှမ်းဝေး  ။  ။
       
           
                  မျိုသိပ် အချစ်
            တိတ်တခိုးပင် တွယ်တာ
            အခြေအနေ  မတူတာမို့
           ကွယ်ရာကဘဲ  မြတ်နိုးစွာ
             နွမ်းလျတဲ့ ဒီအသည်း
         ကြိတ်မှိတ်ဖြေစရာ ဒဏ်ရာ  ။  ။

နှင်းသည်းမ.....သို့

နှင်းသည်းမ.....သို့

နှလုံးသား ဟင်းလင်းပြင်မှာ
နာကျင်ခြေလှမ်းတို့ တရွရွနဲ့
စိတ္တဇအလွမ်းတွေ နှင်းလို့ဝေခဲ့ပြီး...။   ။
ဆောင်းရာသီမှာ တမ်းတသမျှ
မင်း...နွေးထွေးမှုလေတွေကိုပေါ့
နံနက်ခင်း မြူခိုတိမ်များစွာ
အခုတော့လည်း…………
နွေမဟုတ်တဲ့ နေနဲ့အတူ
ပျောက်ရှခဲ့ရတယ်……
ငါ့. . .သိပ်ချစ်သူရယ် ။  ။
အေးစက်သွားဆဲ  တို့အနာဂတ်များ
မင်း မရှိရင်...မဖြတ်သန်းချင်
မမြင်ကွယ်ရာမှာဘဲ
အရည်ပျော်သွားရတဲ့ မြူဆိုင်းတွေလို့
မင်းရင်ထဲမှာ………
အမြဲ သွေးအေးသွားမှာကို
ငါ့ ကြောက်မိတယ်....
နှင်းသည်းမလေးရယ်………။  ။

အလွမ်းသမား နေ့ရက်များ

အလွမ်းသမား နေ့ရက်များ

အေးခဲစ လရောင်တွေပါ
ပြတင်းပေါက်ပေါ် တြိဂံလာဖြစ်
အတိတ်ကို ဖွင့်ဖတ်ဖြစ်တဲ့ ပြက္ခဒိန်မှာ
နူးညံ့စိမ်းအိတဲ့ ပန်းပွင့်နေ့ကို
အထင်သား ပြန်တွေ့ရတယ်……။   ။
အားပေးဖော်လေးရယ်……
မြို့ဆန်လာတဲ့ ကျေးလက်တွေကို
ထွက်ခွာသွားပြန်ပြီးပေါ့ကွယ်.....
တစ်သက်လုံး ဝေးကြတော့မယ့်
ခဏတာအတွင်းမှာ...
စိုတဲ့လက် မခြောက်ခင်အခိုက်
ထာဝရ ရင်ခုန်ရအောင်………။
အလင်းပြည့်ပြည့်ထဲမှာ ဝင်ပုန်း
နှလုံးသားရဲ့ အမှောင်တောတန်းတစ်လျှောက်
အနမ်းခြေရာ ကောက်ကြရင်း
နှုတ်ခမ်းနီပန်းခင်းလေးမှာ ကျက်စားတဲ့
ရယ်သံဖွဲ့ လိပ်ပြာတစ်ကောင်
အလွမ်းရိပ်ထောင်ခြောက်မှာ မမိခင်
လမင်းရဲ့ ဥယျာဉ်ထဲ
လျှောက်လှည့်ကြည့်ရအောင်ပေါ့……။   ။
ခင်းသန့်စင်ကြယ် အိပ်မက်တစ်ခု
အခုတစ်လော့မှာ မက်ခဲ့သူ
မိမိသာ စံပယ်ဆိုတဲ့
အတ္တဆန် ပန်းပွင့်လေးရေ
ငါ့ကတော့…ကြေကွဲလို့ မဆုံးတမ်း
အလွမ်းသမား တစ်ယောက်ဖြစ်ခဲ့လို့
ဘဝကို မညာချင်ပါဘူး……။   ။
နိမိတ်တွေ မကောင်းဘူး…
အိပ်မက်မုန်းတိုင်း တဟူးဟူးတိုက်ခတ်
ထိန်းမတ်ကြိုးစားခဲ့ရတဲ့ ငါ့ဟာ
နေရောင်လည်း မနွေးအိ
လရောင်လည်း မဖွေးအိ
ကိုယ့်ပေါ်ကို တအိအိကျလာတဲ့
ရေမြေခြားနားသူရဲ့ မျက်နှာပေါ်က
အပြုံးယောင်ဆောင်ထားတဲ့
နေ့ရက်များကို မေ့မောအလွမ်းနဲ့ပဲ
နှလုံးသွေးတို့ ပွင့်ခဲ့ပေါ့………။     ။

ကောင်မလေး ဖတ်ဖို့

ကောင်မလေး ဖတ်ဖို့ 
မမုန်းလိုက်ပါနဲ့ ကောင်မလေးရေ...
တို့ကြင်နာခြင်းတွေ နာကျင်မှုမဖြစ်ချင်လို့ပါ....။
ထွက်မသွားပါနဲ့ ကောင်မလေးရေ..

င့ါအချစ်က မင်းထက်ပိုပါတယ်.....။
နှုတ်မဆက်ပါနဲ့ ကောင်မလေးရယ်...
ငါ့မျက်ရည်တွေ လူမမြင်ချင်လို့ပါ  ။    ။
မပြောင်းလဲပါနဲ့နော် ကောင်မလေး..
ငါ့ရဲ့ ရင်ခွင်တစ်နေရာ မင်းမျက်ဝန်းတွေ
အတ္တမဆန်သေးလို့ပါကွယ်....။  ။
ကောင်မလေးရေ.......
ခိုင်မြဲသော တွဲလက်တွေနဲ့
ထာဝရမေတ္တာတရားများ
ရှိရာ လမ်းကလေးဆီသို့
အတူတူ လျှောက်လှမ်းကြရအောင်
သံယောဇဉ်ဆိုတဲ့ သမုဒယတွေလည်း
မပျက်မယွင်း ထားရှိပါစေလား........။  ။

အလွမ်းသင့် ငှက်

အလွမ်းသင့် ငှက်

လေဟုန်ပျံဝဲ သင်းကွဲငှက်
ဘယ်ဆီ ဘယ်ကိုင်း
ခိုးနားဖို့ရာ ရင်ခွင်ဟာ
ရှားပါးနေလေပြီး.....။  ။
မုန်းတိုင်းအတွင်း လွှင့်ပါးရာ
လေထန်ရင်လည်း လေဆန်
ဆောင်းတစ်ကုန်ပြောင်း နွေ
တစ်ဦးတည်းလည်း ရွှက်လွှင့်ခဲ့ပေါ့.....။ ။
ကြင်တစ်ဖော် ကွဲ....
လွမ်းမြဲ ဒဏ်ရာ
တမ်းတ တေးဆို...ဥသြငှက်တို့
တီးတိုး ဖွဲ့နွဲ့ သံသာချို
ခံစားချက်များ ကြားနိုင်သလား...။
တစ်နေရာသို့ ပျံသန်းထွက်ခွာ
တောင်ပံနှစ်စုံ အားအင်ရှိဆဲ
မြောက်ပြန်လေဟာ တိုးဝေုစွာ
ရွက်ဝါကြွေတွေ တဖြုတ်ဖြုတ်
အလွမ်းသင့် ငှက်များစွာ
အထီးကျန်ပါပြီးလေ………။    ။

တိတ်တဆိတ် ချစ်ခြင်း

တိတ်တဆိတ် ချစ်ခြင်း

ဘဝကြမ်းတော့ မကြင်နာရက်ဘူး
တိတ်တဆိတ်ပင် စွဲလမ်းခဲ့ရာ
အဝေးက ရင်ခုန်သံ
နူးညံ့ပျော့ပျောင်း အချစ်တန်ဖိုးနဲ့
ဒီနှလုင်္းသားမှာ ချစ်ခဲ့ဖူးသည်.....။   ။
မဖြစ်နိုင်သော အဆင့်အတန်းများ
ကောင်ကင်းနဲ့ မြေကြီးပမာဏလို့
ကွားခြားနေလေတော့...
တော်ရာမှာ တမ်းတလျက်
ဒီနှလုံးသားတစ်ရပ်စာမြင့်တဲ့ မင်းလေကို
ကွယ်ရာမှာဘဲ ချစ်နေရုံပါပဲ.....။   ။
ငါ့ဘဝထဲကို မလာပါနဲ့
မင်းအိပ်မက်တွေ ပျက်စီးသွားမှာဆိုးလို့
နာလည်ပေးပါ ကောင်မလေးရေ....
ခွင်လွှတ်နိုင်မယ့်ဆိုရင်ပေါ့...
ငါ့တစ်ခုလောက်တော့ ပြောပါရစေ
မင်းဘဝ ပြီးပြည့်စုံနေသရွေ့တော့
အလှပဆုံး ဖြတ်သန်းပါကွယ်....
လူတကာ အလယ်မှာ
မင်း မျက်နှာမငယ်စေချင်ရုံကလေးပါ…။
အဲဒီလို့ .........
တစ်နေ့နေ...တစ်ချိန်ချိန်ပေါ့
ဒီကမ္ဘာမှာ ချစ်ခဲ့ဖူးသည်
တိတ်တဆိတ်လေးပါဘဲ………။