ချစ်သူနှင့်ဝေးနေသူများ

♥ချစ်သူအတွက်…ဒီရင်ထဲက…ကဗျာ

ငါ့တို့ မတွေ့ဆုံတဲ့ နေ့ရက်မှာ
တိမ်တိုက်များ ဟာ
လရောင်လဲ့လဲ့ထဲ
ဖြတ်သန်းသွားကြတယ်……။    ။
မင်းလည်း ငါ့ဆီမရောက်ခဲ့
ငါ့လည်း မင်းဆီမလာဝံ့ခဲ့လို့ ဖြစ်မှာပါ
မြစ်ရေစီးသံတို့ ခြောက်သွေ့လွန်း
ဒီလို့ စဉ်းစားတွေးခေါ်ခဲ့ရ
ချစ်သူတို့ရဲ့ ကန္တရလွင်ပြင်
ဟိုးဝေးဝေးကို ငေးကြည့်လိုက်တိုင်း
ပေါင်းဆုံမယ့်လို့ ထင်ခဲ့ရတဲ့
ရထားသံလမ်းလေးတွေဟာ
ဘယ်တုန်းကမှာ မပေါင်းဆုံခဲ့ပါဘူး
သူရင်ဘတ် ကိုင်းကျွန်းလယ်ယာမြေမှာ
ရောင်စုံပန်းတို့ ပွင့်ဝေခဲ့ကြပေါ့…။    ။
ညနေရီ……………
ခရောင်ကောင်းကင်လမ်း
အိပ်တန်းပြန်ငှက် ပျံသန်းခဲ့ပုံ
ကျွန်တော် ကဗျာတစ်ပုဒ်ကို
သူ သတိမရနိုင်တော့ပါ……။     ။
တကယ်တမ်း တွေးတော့လည်း
သိသိသားသားလေး……
အလှမ်းဝေး နေဆဲပါပဲလေ………
မြက်ရိုင်းတောလေးဆိုပေ့မယ့်
မင်း အတွက်ဆိုရင်
ပန်းဥယျာဉ်လေးပဲ ဖြစ်ချင်နေခဲ့တာပါ…။  ။
ဆန္ဒတွေဟာ ဆန္ဒပါပဲ……
အချိန်ကာလတွေကသာ
အချစ်ကို ရူးမိုက်မှုအဖြစ်
တန်းဖိုးဖြတ်ခဲ့ပေါ့……။    ။
အဲဒီလို့နဲ့ပဲ……
မျှော်လင့်ချက်တွေဟာလည်း
ဒုက္ခိတ တစ်ယောက်လို့
ကိုယ်လက်အင်္ဂါ မစုံလင်ခဲ့ရရှာဘူး……။   ။
ချစ်သူအတွက် ဒီရင်ထဲက……
ကဗျာများကိုလည်း
သူ နှလုံးသားမှာ
သူစိမ်းဆန်ခဲ့တာ ကြာလှပေါ့……။    ။



အိမ်ပြန်လမ်းရဲ့ လွမ်း


တစ်ခြားနယ်မြေမှာ......
ငွေခရေတွေ ကောက်လို့
စိတ်ကူးရာ ငါ့အိပ်မက်များဟာ
အနာဂတ် မျှော်လင့်ချက်ဖြစ်ခဲ့ပေါ့.....။
ကံတရားတွေ လှိုင်းထန်နေပေမယ့်
အိမ်ပြန်လမ်း မရောက်သေးတဲ့
ငါ့ အတွက်……………
လပြည့်ညလယ်မှာ ကြီးပြင်ဆဲ
ရင်ဖွင့် အလွမ်းများကို
ကမ္ဘာမြေရဲ့  ဟိုးတစ်ဖက်ခြမ်း
မွေးရပ်ဌာနကို. . .ခဏ ခဏ
ပြောပြချင်ခဲ့တယ်. . . . .။   ။
ဘဝတွေ မသေချာနိုင်ဘူး
မနက်ဖြန်တွေ မရေရာခဲ့သော
တွေးဝေရတဲ့ ငါ့စိတ်ဓာတ်များ
မကြာခဏ ပြိုလဲနေလည်း
အပြုံးနဲ့သာ နိုးထပါရစေ. . .
ရည်မှန်းချက်ရဲ့ လမ်းကြမ်း
ငါ့ ဖြတ်ကျော်ရအုံးမယ်လေ……။   ။
ရိုးသားခြင်းဟာ ငါ့ရဲ့စည်းစိမ်း
ဖြူစင်ခြင်းများ ငါ့ရဲ့သွေးသား
ဝဋ်ကြွေးရှိသမျှ ကြေအေးပေးပါကွယ် ။  ။
အပေးအယူတွေနဲ့. . . .
ရှင်သန်ရတဲ့ တို့ဘဝများ
ဘာကိုမှာ တွယ်တာစရာ မရှိပါ.....။  ။
အချိန်များ ကြာနှောင်း
လွမ်းနေရတဲ့  ဟိုတစ်ခါဆီက
ပျော်ရွှင်မှုတွေ စဉ်းစားရင်းနဲ့
အတွေးများ ဝေဝါးစွာ
အိမ်ပြန်လမ်းကလေးကို
ဆွေးဆွေးနေမိ
ငေးကာ ငိုင်ရင်း
ဒီနှလုံးသားထဲမှာ အိမ်အလွမ်းများ
ရက် လ နှစ်တို့ ရှည်လျားခဲ့ပြီးလေ……။  ။

No comments:

Post a Comment