ချစ်သူအမုန်းစားသုံးရသူများ

အဆိပ်မဲ့ ဆူး

သူ့ဆူးမှာ...
အဆိပ်တော့ မဲ့ပါရဲ့
ဒါပေမယ့်...
ငါ့ကိုတော့ ခြစ်ရှခဲ့
အချစ်တွေကြောင်း ရှတခဲ့ပေါ့...။
ဆူးကလေးရေ...
ဟင်းလင်းပြင်လို့ ထင်ရပေမယ့်
င့ါ မော့ကြည့်လိုက်တိုင်း
င့ါအပေါ် ငုံကိုင်းနေတဲ့
ကောင်းကင်ကြီးတောင်မှာ
အရောင်အမျိုးမျိုး ပြောင်းတတ်သေးတာ ။
မျက်ခွံပေါ်က.......
ဆိုးဆေးတွေလား
မိုးတိမ်တွေလား
အရောင်တွေနောက်
င့ါ အပြေးအလွှားလိုက်မိတော့...
ပန်းဖျော့ဖျော့ တစ်ညနေ
အချစ်တွေ ကွေးညွှတ်သွား
ဆူးကလေးရဲ့ မျက်တောင်ဖျားမှာ
အချစ်ကြောင်း . . . .
တောက်ပလွန်းတဲ့ ညနေတွေဟာ
အချစ်ကြောင်းပဲ
ပျောက်ရှသွားခဲ့ကြတယ်…………။
မှောင်ရီး ပြိုပြက်
နိုးတစ်ဝက် ညတွေမှာ
အိပ်မက်ယောင်တတ်သူဟာ
သူ့ ကံကြမ္မာ သူမယုံချင်ဘဲ
ဆူးတွေသာ ထွင်ထွင်နေရပေါ့………။  ။

အသည်းကွဲ ဇတ်

အသည်းကွဲဒဏ်ရာ ဆန်ဆန်
မျက်ရည်တွေဟာ
မင်းအမုန်းများကြောင့်
ကြိတ်မှိတ်ငိုခဲ့တဲ့ ငါ့
အချစ်စစ်တစ်ခု ဆုံးရှုံးသွားတယ်...။   ။
နေ့ရက်များ စိတ္တဇဆေးရုံမှာ
အနစ်နာခံလိုက်ရတဲ့ ငါ့အချစ်တစ်ခု
မင်း စွန်လွှတ်သွားကတည်းက
ငါ့ မဟူရာအိပ်မက်တွေ နိဂုံးချုပ်ခဲ့ပြီး...။
ဒီဝေဒနာများဟာ မရေမရာနဲ့
ချစ်ဦးသူမို့  ငါ့မကုစား
ဒီနှလုံးသားမှာ ပြင်းရှခဲ့ပေါ့...
နာကျင်ရတာတောင် မမေ့နိုင်သူ
မင်းအတွက်.........
ငါ့ကဗျာတွေ ရှင်သန်ခဲ့တယ်...။    ။
(ဒါပေမယ့်လည်း...)
မင်းနဲ့ငါ့ ပြန်မဆုံနိုင်မှန်းသိသား
ဒီပစ္စုပန်ရဲ့ မနက်ဖြန်များ
တဒင်္ဂ ချစ်သူခြေလှမ်းတွေ
ကျော့ခိုင်းလို့ ထွက်ခွာသွားတော့
တို့နှစ်ယောက် အချစ်ပုံပြင်မှာ
ကျန်ရစ်ခဲ့သူ ငါ့အရှုံး
ဒါ........အသည်းကွဲ ဇတ်.....။    ။

No comments:

Post a Comment